“Video Live ကနေတစ်ဆင့်ဖျော်ဖြေရတာဆိုတော့ နည်းနည်းလေးစိမ်းနေမလားလို့စိုးရိမ်မိတယ်။ဒါပေမဲ့ရှေ့မှာသီချင်းတိုက်တာတွေ အများကြီးလုပ်ဖို့ရှိတယ်။ထူးထူးခြားခြားသားအဖသုံးယောက်မဆိုဖူးဘူး။ ညီမလေးကလည်း ပွဲတွေကအရှေ့မှာတစ်ခေါက်နှစ်ခေါက်ပဲဆိုဖူးတော့ ခုတစ်ခေါက်က သူ့အတွက်ပွဲကြီးလို့ဆိုလို့ရမှာပေါ့”ဆိုပြီး သားအဖသုံးယောက်ပထမဆုံးဖျော်ဖြေမယ့် live show အကြောင်းပြောပြခဲ့တဲ့ ပန်းရောင်ခြယ်။
“စိတ်တော့လှုပ်ရှားတာပေါ့နော်။ ဒါပေမယ့်သမီးတို့တတ်နိုင်သလောက်ကြိုးစားပါမယ်။ ပြီးတော့ဒယ်ဒီနဲ့မမကြီးနဲ့ဘေးမှာရှိတော့ သမီးလည်းအများကြီးအားရှိပါတယ်။ ဒယ်ဒီ့အတွက် piano လဲတီးပေးမယ်။ပြီးတော့ဒယ်ဒီရဲ့တချို့သီချင်းတွေလဲဆိုမှာပါ”ဆိုပြီး ပထမဆုံးဖျော်ဖြေရမယ့် live show အတွက်စိတ်လှုပ်ရှားနေတဲ့အကြောင်းပြောပြခဲ့တဲ့ ပန်းသွန်းခြယ်။