“ကိုယ်ဖြစ်ချင်လား၊ ကိုယ်လိုချင်လား အဲ့တာကို ကိုယ်ကိုယ်တိုင် ကြိုးစားပြီးတော့ရအောင်ယူ။ ကိုယ်တိုင်ကြိုးစားပြီးရလာတဲ့ခံစားချက်နဲ့ သူများလုပ်ပေးလို့ရလာတဲ့ခံစားချက်က လုံးဝမတူဘူးနော်။ ကိုယ့်ရဲ့ရည်းစားက မေတ္တာလက်ဆောင်ပေးလို့ဆိုရင် ဒါကကိစ္စမရှိဘူး။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေရော လိုချင်တပ်မက်စိတ်တစ်ခုထဲနဲ့ ကိုယ့်ဘဝတစ်ခုကိုရင်းရမယ်ဆိုရင် မတန်ဘူးလေ” ဆိုပြီး ပြောပြလာတဲ့ ချောကလျာ။