အမေစု လက်ရေးမူကဗျာ ကို လေလံရောင်းတဲ့ အပေါ်" မောင်မောင်အေး


“၂၀၁၁ မှာ ကိုမင်းထင်ကိုကိုကြီး က နိုင်ငံတကာ ကဗျာပွဲတော်မှာ အမေစု ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ချင်လို့ ခွင့်တောင်းခဲ့တဲ့ ကဗျာတစ်ပုဒ် ပါ။ ရေးတဲ့ သူ က မြန်မာ့ ခေါင်းဆောင် တင်မဟုတ်ဘူး .. ကမ္ဘာကပါ လေးစားရတဲ့ သူတစ်ယောက်ပါ။ အမေ ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ရှာမှ ရှားတဲ့ အမျိုးသမီးကြီး တစ်ယောက် ရဲ့ လက်ရေး ကဗျာ အနုပညာ ပစ္စည်းကို ကျနော်လည်း တန်ဖိုးထား သိမ်းထားချင်ပါတယ်.. တကယ်ကို မတတ်နိုင်သေးလို့ပါ” လို့ အမေစု ရဲ့ လက်ရေးမူ ကဗျာ စာရွက် ကို လေလံ / စျေးပြိုင်စနစ် ဖြင့် ရောင်းချနေတဲ့ အပေါ် ပြောလာတဲ့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေး နှင့် ခဏတာ။

ဒီကဗျာစာရွက် ရောင်းရငွေ ကို လာမယ့် 2020 Election / ၂၀၂၀ ရွေးကောက်ပွဲ မှာ NLD Party အောင်နိုင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် လှူဒါန်း သွားမယ်လို့ သိရပါတယ်။ ဒီကနေ့ ၊ စက်တင်ဘာလ (၄) ရက်နေ့ ၊ ည (၉) နာရီ အချိန်တွင် ကဗျာစာရွက်လေးကို ငွေကျပ် သိန်း (၆၀၀) အထိ စျေးပေးထားပြီ လို့ သိရပါတယ်။

လေလံ / စျေးပြိုင် ရောင်းချမှုကို လာမယ့် စက်တင်ဘာလ (၅) ရက်နေ့ ၊ စနေနေ့ည (၉) နာရီ အတိ မှာ REDs Vote NLD ကနေ Live စျေးပြိုင်စနစ် နဲ့ ပိတ်သိမ်းမယ် လို့ သိရပါတယ်။

Myanmar Celebrity TV Update: TV Presenter Mg Mg Aye comments on the bidding system of Daw Aung San Suu Kyi’s Handwritten Poem. #MgMgAye #AungSanSuuKyi #NLDVoteCampaing #NLDParty #MinHtinKoKoGyi #AungSanSuuKyiPoem

Leave a Reply

Your email address will not be published. Required fields are marked *