





(၁၀) ကြိမ်မြောက် သက်ကြီးလူရွှင်တော်ကန်တော့ပွဲကို ဘယ်လိုကျင်းပသလဲ

လူရွှင်တော်အသင်း(ရန်ကုန်) ဒုတိယဥက္ကဋ္ဌ လူရွှင်တော် နောက်တိုး နှင့် လူရွှင်တော်အသင်း (ရန်ကုန်) အသင်းသားများမှ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက သက်ကြီးလူရွှင်တော်များဖြစ်ကြသော ဦးဇင်းဝါယမ(ခေါ်) ဦးပေါ်လေး၊ ဦးမေတ္တာ၊ ဦးချစ်စရာ၊ ဦးရွှေသွေးတို့အား တစ်ဦးလျှင် ငွေကျပ် (၃၃၀,၀၀၀)အပြင် ဆန်၊ ဆီ၊ ဆေးဝါး များဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ခဲ့သည်။

လူရွှင်တော်အသင်း(ရန်ကုန်) အနေဖြင့် ယခုနှစ်တွင်ကျရောက်သော(၁၀) ကြိမ်မြောက် သက်ကြီးလူရွှင်တော်ကန်တော့ပွဲအခမ်းအနားအား Covid-19 ရောဂါကြောင့် မကျင်းပနိုင်တော့သဖြင့် ယခုလို သက်ကြီးလူရွှင်တော်ကြီးများ၏ အိမ်သို့ လိုက်လံကန်တော့ခဲ့ခြင်းဖြစ်သည်။

#Akonthi #သက်ကြီးလူရွှင်တော် #လူရွှင်တော်အသင်း(ရန်ကုန်) #

Leave a Reply

Your email address will not be published. Required fields are marked *